directorySearchBanner

Myanmar News Updated

Highlight Myanmar News


detailImg
Myanmar to Build Charging Stations Across the Country

canlender20/02/2019

Out of 49 charging stations, four stations will be built along Yangon-Mandalay Express way, 36 stations in Yangon and five in Naypyidaw.

“Charging Stations will be not only for e-buses but also for other EVs. Now, Green Power Myanmar Co., Ltd will send us five e-buses to test. For them, we are planning to build charging stations,’’ the union minister said.

The e-bus sent by Green Power Myanmar Co., Ltd will be used at the Naypyidaw International Airport, train station, bus station and the market.

The e-bus, which will be jointly produced by Green Power Myanmar Co., ltd and Ministry of Industry at Thagara Industrial Zone in Yetarshae Township, Bago Region, can run for over 150 miles on a single charge and drive on flooded roads as it has a waterproofing feature.

Moreover, they will reduce carbon emission compared to ordinary buses run on fossil fuel, while also reducing the cost by 30-50 percent.

The company will use European technology and import charging machines and accessories from Germany and Hungary and batteries from China.


“We need to produce and use electric cars in order to reduce carbon emission. Therefore, we will produce EVs in collaboration with Green Power Myanmar using Hungarian technology,” U Khin Maung Cho said.

Cspel Holding Limited, a Hungarian auto maker which will work with Green Power Myanmar, has deals to export 7,000 electronic vehicles to Sri Lanka, India and Singapore and to produce 3,000 e-buses for local bus lines.

Myanmar Summary: 

လျှပ်စစ်ဘတ်စ်ကားများကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် Charging Stationများကို

ရန်ကုန်-မန္တလေး-နေပြည်တော်ရှိ နေရာ ၄၉နေရာတွင် တည်ဆောက်ရန်အတွက် လျာထားလျက်ရှိကြောင်း

စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဒုတိယအကြိမ်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

လျှပ်စစ်ဘတ်စ်ကားများအတွက် Charging Stationများကို ရန်ကုန်-မန္တလေးအမြန်လမ်း တစ်လျှောက်တွင်


Charging Station ၈ခု ၊ရန်ကုန်မြို့တွင် ၃၆နှင့် နေပြည်တော်တွင် ၅ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“Charging Station တည်ဆောက်တဲ့အခါမှာ လျှပ်စစ်ဘတ်စ်ကားတွေသာမဟုတ်ဘဲ အိမ်စီး


လျှပ်စစ် စလွန်းကားတွေကအစ အားသွင်းလို့ရမှာပါ။ အခုဆိုရင် Green Power Myanmar Co.,Ltd. က လျှပ်စစ်ဘတ်စ်ကား

စမ်းသပ်အသုံးပြုနိုင်ဖို့အတွက် မကြာခင်မှာ လျှပ်စစ်ဘတ်စ်ကား ငါးစီးကို ပေးပို့တော့မှာပါ။ ပေးပို့မယ့် ယာဉ်တွေအတွက်လည်း

Charging Stationကို ကြိုတင်ဆောင်ရွက်လျက်ရှိပါတယ်”ဟု စက်မှုဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ထပ်မံဖြည့်စွက်ပြောသည်။

မကြာမီကာလအတွင်း စမ်းသပ်အသုံးပြုရန်အတွက် Green Power Myanmar Co.,Ltd.မှ ပေးပို့လာမည့်

ယာဉ်များကို နေပြည်တော်လေဆိပ်၊ ဘူတာကြီး၊ ကားကြီးကွင်း၊ ဈေးများအစရှိသည့် နေရာများတွင် စမ်းသပ်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဘတ်စ်ကားများကို အားသွင်း၍ အသုံးပြုမည်ဆိုပါက မိုင်၁၅၀ကျော်အထိ မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ပြီး

ရေလုံစနစ်ပါဝင်ခြင်းကြောင့် ရေလျှံသည့် လမ်းမများတွင်လည်း ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်ဘတ်စ်ကားဖြစ်သည့်အတွက် ကာဗွန်ထုတ်လုပ်မှုကို လျော့ချနိုင်သည့်အပြင် ဓာတ်ဆီ၊ ဒီဇယ်များနှင့် နှိုင

ကုန်ကျစရိတ်ကို ၃၀%မှ ၅၀%အထိ လျော့ချနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကားများကို ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သာဂရစက်မှု နယ်မြေတွင် Green Power Myanmar Co.,Ltdနှင့်

စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်း ထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထုတ်လုပ်ရန်အတွက် နည်းပညာကို ဥရောပနိုင်ငံမှရယူသွားမည်ဖြစ်ပြီး လိုအပ်သည့် အားသွင်းပစ္စည်းများနှင့်

ဆက်စပ်ပစ္စည်းများကို ဂျာမနီနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံမှ မှာယူမည့်အပြင် ဘတ္ထရီများကိုမူ တရုတ်နိုင်ငံမှ မှာယူတင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

“နိုင်ငံအနေနဲ့ သဘာဝပတ်ဝန်းကျင်မပျက်စီးစေရေးနဲ့ Carbon Emission Reductionဆောင်ရွက်ရေး အတွက် Electric Carတွေ

တပ်ဆင်ထုတ်လုပ်ဖို့ လိုအပ်လာတာကြောင့် ဟန်ဂေရီနိုင်ငံက ကုမ္ပဏီနည်းပညာနဲ့ Green Power Myanmar

ကုမ္ပဏီနဲ့ပူးပေါင်းထုတ်လုပ်သွားမှာပါ” ဟု ဦးခင်မောင်ချိုကပြောသည်။

ဟန်ဂေရီနိုင်ငံ Cspel Holding Limited နှင့် အကျိုးတူဆောင်ရွက်မည့် Green Power Myanmar Co.,Ltdတို့သည်

သီရိလင်္ကာ၊ အိန္ဒိယနှင့် စင်ကာပူနိုင်ငံများသို့ မြန်မာနိုင်ငံမှ လျှပ်စစ်ကားအစီးရေ ၇၀၀၀ ထုတ်လုပ်တင်ပို့ရန်

စာချုပ်များချုပ်ဆိုထားပြီး နိုင်ငံတွင်း အဝေးပြေးယာဉ်လိုင်းများအတွက် အစီးရေ၃၀၀ ထုတ်လုပ်ပေးရန်လည်း စာချုပ်ချုပ်ဆိုထားကြောင်း သိရသည်။